အွန်လိုင်းမှ လှူဒါန်းလိုသူများအတွက်

ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန်
အလှူရှင်များစာရင်း
အလှူငွေသုံးစာရင်း
    သိလိုသည့် အမေးအဖြေများ
    ဆောင်းပါးများ
ဂေဟာလိပ်စာ

မရမ်းချောင်း
ပရဟိတ ကျွေးမွေးစောင့်ရှောက်ရေးဂေဟာ
ဖေါင်ကြီးအလွန်၊ လှည်းကူးမြို့နယ်၊
ရန်ကုန်တိုင်း။

ကူညီသူများနှင့်ဆက်သွယ်ရန်

ဦးဇော်လွင်ဝင်း၊
အယ်ဒီတာချူပ် (Mutdfan.com)
Rm- 403, Excel Tower,
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- 559377 Ext: 6413

သီးခြား ကူညီသူများ၏
ပြည်ပ လိပ်စာများ
(Click Here)
 


ကျွန်တော်တို့ ဘာ့ကြောင့် သူတို့ကို ကူညီသင့်သလဲ!

အနာကြီးရောဂါ ဝေဒနာသည်တွေရဲ့ ခြေလက်တွေဟာ ခံစားမှု မရှိတော့ပါဘူး။ အနာကြီးရောဂါ ပိုးသတ်ဆေး သောက်လိုက်လို့ အနာကြီးရောဂါပိုး သေသွားပေမယ့် နောက်ဆက်တွဲ ဝေဒနာတွေကြောင့် သူတို့တွေဟာ လက်တွေ ခြေထောက်တွေတိုပြီး ဘာမှမလုပ်နိုင်ကြတော့ပါဘူး။ အလုပ်လုပ်ဖို့ ဝေးစွ ခြေထောက်ထဲ သံစူးရင်တောင် သံစူးမှန်းမသိ ပေါင်က အကျိတ်ခိုလာမှ ခြေထောက်မှာ အနာရှိလောက်တယ် ထင်ပြီး ဖြဲရှာရတဲ့ဘ၀ပါ။ ဒါထက် အများကြီးပို ဆိုးပါတယ်။...


HOME DAILY LIFE MEDICAL OUR TEAM DONATION
   အလှူရှိတဲ့နေ့ဆို ဒီလိုကောင်းကောင်းလေး စားကြရပါတယ်။ ကျန်တဲ့နေ့တွေမှာတော့..ပဲရည်ကျဲပေါ့
 
စေတနာရှင်များခင်ဗျား !

 
ဟောဒီကမ္ဘာပေါ် အသက်ရှင်ရပ်တည်နိုင်ရေး အတွက် စေတနာရှင်တို့ရဲ့ အကူအညီကို မျှော်လင့်ရင်း ဘ၀ကို ကြိုးစားရှင်သန်နေကြတဲ့
 လူသားအချို့ ရှိနေပါသေးတယ်ဆိုတာ သတိရပေးလိုက်ရင်ဘဲ စေတနာရှင်များကို ရန်ကုန်တိုင်း၊ ဖေါင်ကြီးအလွန်၊ မရမ်းချောင်းကျေးရွာမှာ ရှိနေတဲ့
 မြန်မာလူမျိုး အနာကြီးရောဂါ  ဝေဒနာသည်တွေက ကျေးဇူးတင်နေကြရင်း သူတို့အသက်ရှင်ရပ်တည်မှုအတွက် အင်အားတွေ တိုးပွါးလာကြမှာပါ။.....
lp
ကျွန်တော်တို့ သိတဲ့ သူတို့အကြောင်း
 
အနာကြီးရောဂါသည်လို့ ဖြစ်လာရင် လူတွေက အနူ ဆိုတာမျိုး ပြေးမြင်မိကြတာပါ။ တကယ်တော့ ဒါဟာ ပြည့်စုံတဲ့အမှန်တရားမဟုတ်ဘဲ သူတို့တွေဟာ ခံစားချက်ရှိတဲ့ လူသားတွေပါ။ အနာကြီးရောဂါသည်လို့ ဖြစ်လာပြီဆိုရင် .... ဝေဒနာသည်တွေရဲ့ လက်တွေဟာ ခံစားမှုမရှိတော့ပါဘူး။ အနာကြီးရောဂါ ပိုးသတ်ဆေး သောက်လိုက်လို့ ပိုးသေသွားပေမယ့် နောက်ဆက်တွဲ ဝေဒနာတွေကြောင့် သူတို့တွေဟာ လက်တွေ ခြေထောက်တွေတိုပြီး ဘာမှမလုပ်နိုင်ကြတော့ပါဘူး။ အလုပ်လုပ်ဖို့ ဝေးစွ ခြေထောက်ထဲ သံစူးရင်တောင် သံစူးမှန်းမသိ ပေါင်ကအကျိတ်ခိုလာမှ ခြေထောက်မှာ အနာရှိလောက်တယ် ထင်ပြီး ဖြဲရှာရတဲ့ဘ၀ပါ။ အဲလိုကနေ ရောဂါကျွမ်းသွားလို့ လက်ဖြတ်၊ ခြေဖြတ်လိုက်ရတဲ့ ဘ၀မျိုးမှာ ရပ်တည်ဖို့တောင် ပစ္စည်းကိရိယာတွေရဲ့ အကူအညီယူရပါတယ်။ ဒီလိုရောဂါသည်တွေဟာ အလုပ်မလုပ်နိုင်ကြတော့ပါဘူး။ ရောဂါသည်အများစုက မိသားစု ငွေကြေးမပြည့်စုံလို့ ဆေးမမှီဘဲ ဖြစ်လာကြရတာမို့ မိသားစုကလည်း သူတို့တွေရှင်သန်ရေး မကူညီပေးနိုင်ပါဘူး။ ဒါကြောင့်ပဲ သူတို့တွေကို စုပေါင်းစောင့်ရှောက်ထားတဲ့ သူတို့တွေရဲ့အိမ် လို့ဆိုရမယ့် စောင့်ရှောက်ရေးဂေဟာ ရှိလာရတာပါ။ အလှူရှင်တွေရဲ့ ကူညီလှူဒါန်းမှုအားနဲ့ ရပ်တည်ရတဲ့ ဒီဂေဟာမှာ သူတို့တွေနေကြပါတယ်။ သူတို့တွေကို အဲဒီမှာ ပြုစုစောင့်ရှောက်ပြီး ဆက်လက်အသက်ရှင်ရပ်တည်ဖို့ စုပေါင်းကြိုးစားနေကြပါတယ်။

စာရေးသူ သွားတုန်း အထဲက လူနာတွေ ပြောနေသံတစ်ချို့ ကြားခဲ့မိပါတယ်။
အမျိုးသား အဆောင်ထဲက ပြောနေသံတွေပါ လူကိုမမြင်ရပါဘူး...
"ငါတို့က အကောင်းနဲ့ မတန်ပါဘူးကွာ.... ဖန်ခွက်တွေ ဘာတွေနဲ့လည်း မဖြစ်ပါဘူး။" လို့ တစ်ယောက်က ပြောလိုက်ချိန်မှာ ဝေဒနာသည် နောက်တစ်ယောက်က "ဟာကွာ ဘုရားကိုတော့ ဖန်ခွက်လေးနဲ့ ရေကပ်မှ ဖြစ်မှာပေါ့" တဲ့ ဒါနဲ့ ပထမဝေဒနာသည်က "ငါလဲ ကပ်ချင်တာပေါ့ကွာ..... ဒါပေမယ့် ငါတို့လက်တွေက ကိုင်မရဘူးလေ ခဏခဏ ကျကျကွဲနေတော့ ငါလဲ ကိုယ့်ကိုကိုယ် စိတ်ပျက်တယ်။ မင်းဘဲ တော်သလို ဆက်လုပ်ပါတော့ကွာ .. ငါတော့ မလုပ်ချင်တော့ဘူးတဲ့"  စတဲ့
အသံတွေ အမျိုးစုံအောင် ကြားခဲ့ရပါတယ်။ 
 

 ဒါက အမျိုးသား ဝေဒနာသည်တွေ နေရတဲ့ အဆောင်လေးပါ။
ဒီအဆောင်လေးထဲမှာ အမျိုးသားလူနာ လေးဆယ်ကျော် နေပါတယ်။ လက်ရှိ စီမံပေးနေသူများရဲ့ ကျေးဇူး၊ လှူဒါန်းပေးနေသူများရဲ့ ကျေးဇူးကြောင့် ဝေဒနာသည် အားလုံးရဲ့ စိတ်ဓါတ်တွေ အကောင်းဆုံး အခြေအနေမှာ ရှိနေပါသေးတယ်။

အနာကြီး ရောဂါ ဝေဒနာသည်တွေကို ကိုယ်ချင်းစာကြည့်ကြပါစို့  
Powered by WorkGroup IT Solution!