အွန်လိုင်းမှ လှူဒါန်းလိုသူများအတွက်

ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန်
အလှူရှင်များစာရင်း
အလှူငွေသုံးစာရင်း
    သိလိုသည့် အမေးအဖြေများ
    ဆောင်းပါးများ
ဂေဟာလိပ်စာ

မရမ်းချောင်း
ပရဟိတ ကျွေးမွေးစောင့်ရှောက်ရေးဂေဟာ
ဖေါင်ကြီးအလွန်၊ လှည်းကူးမြို့နယ်၊
ရန်ကုန်တိုင်း။

ကူညီသူများနှင့်ဆက်သွယ်ရန်

ဦးဇော်လွင်ဝင်း၊
အယ်ဒီတာချူပ် (Mutdfan.com)
Rm- 403, Excel Tower,
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း -559377 Ext: 6413


သီးခြား ကူညီသူများ၏
ပြည်ပ လိပ်စာများ
(Click Here)
 

ကျွန်တော်တို့ ဘာ့ကြောင့် သူတို့ကို ကူညီသင့်သလဲ!

အနာကြီးရောဂါ ဝေဒနာသည်တွေရဲ့ ခြေလက်တွေဟာ ခံစားမှု မရှိတော့ပါဘူး။ အနာကြီးရောဂါ ပိုးသတ်ဆေး သောက်လိုက်လို့ အနာကြီးရောဂါပိုး သေသွားပေမယ့် နောက်ဆက်တွဲ ဝေဒနာတွေကြောင့် သူတို့တွေဟာ လက်တွေ ခြေထောက်တွေတိုပြီး ဘာမှမလုပ်နိုင်ကြတော့ပါဘူး။ အလုပ်လုပ်ဖို့ ဝေးစွ ခြေထောက်ထဲ သံစူးရင်တောင် သံစူးမှန်းမသိ ပေါင်က အကျိတ်ခိုလာမှ ခြေထောက်မှာ အနာရှိလောက်တယ် ထင်ပြီး ဖြဲရှာရတဲ့ဘ၀ပါ။ ဒါထက် အများကြီးပို ဆိုးပါတယ်။...
HOME DAILY LIFE MEDICAL OUR TEAM DONATION
   အလှူရှိတဲ့နေ့ဆို ဒီလိုကောင်းကောင်းလေး စားကြရပါတယ်။ ကျန်တဲ့နေ့တွေမှာတော့..ပဲရည်ကျဲပေါ့
 
စေတနာရှင်များခင်ဗျား !

ဝေဒနာသည်တွေဟာ မနက်စောစော ဘုရားဝတ်တက်ကြပါတယ်။ ပြီးရင် ကျွေးမွေးစောင့်ရှောက်ရေး အဖွဲ့က သူတို့တတ်နိုင်တာလေးနဲ့ Breakfast စီစဉ်ပေးထားတာ စားရပါတယ်။
ဆန် (၇) ပြည်လောက်ချက်ထားတဲ့ ထမင်းကို ဆီ ငါးကျပ်သား၊ တစ်ဆယ်သားလောက် ထည့်ပြီး ကြော်ထားတဲ့ ထမင်းလှော်လေး ကျွေးပါတယ်။
အစာမစားခင် အလှူရှင်တွေကို မေတ္တာပို့ပြီး စားကြတာကတော့ သူတို့လုပ်နေကြ အလုပ်ဆိုပါတော့။
အလှူရှင်ရှိတဲ့နေ့ဆို အသားဟင်းတွေနဲ့ သူတို့တွေ စားကြတာ အင်မတန် အားရဖို့ ကောင်းလှပါတယ်။
နေ့လည်ထမင်း မစားခင် အချိန်ပိုင်းကတော့ သူတို့တွေရဲ့ နားနေချိန်လေးပါ။
 
နေ့လည်ထမင်း မစားခင်အချိန်ပိုင်းကတော့ သူတို့တွေ နားနေချိန်လေးပါ။
 
ဆရာဝန် လာတဲ့အခါ အဲ့ဒီအချိန်လေးမှာ ဆေးခန်းပြခွင့် ရကြပါတယ်။ လက်ရှိအချိန်မှာတော့ တိုက်နယ်ဆေးရုံလေးက ဆရာဝန်လေးက ဆယ်ရက်တစ်ခေါက်လောက်သာ ရောက်ဖြစ်တယ်ပြောပါတယ်။ ဆေးရုံမှာ အချိန်ပြည့် Blue staff တစ်ယောက်ရှိပါတယ်။ ဒါပေမယ့် လူနာရှင်တွေ အားထားရာ ဆရာဝန်က အနီးအနားက အခြားတာဝန်နဲ့ ရှိနေတဲ့ ဒေါက်တာအောင်ရဲကျော်  ဖြစ်ပါတယ်။ အဲ့ဒီဆရာဝန်ဟာ လူနာတွေကို တစ်ပတ်တစ်ကြိမ် လာကြည့်ပေးနေပြီးတော့ လူနာတွေအတွက် ဆေးလိုအပ်လာလို့ အလှူရှင်မရှိရင် သူတို့ သူငယ်ချင်းတွေ စုထားတဲ့ ငွေလေးနဲ့ ဆေးဝယ်ပြီး ကုပေးနေတာကို အခု ၀ဘ်ဆိုဒ်ကို ရေးနေသူ ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။ လူနာတွေစိတ်ချမ်းသာအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ လူနာတွေနဲ့ ထမင်းအတူ စားပေးတဲ့ အချိန်တောင် ရှိတယ်ဆိုတာ ဝေဒနာရှင် အဖွဲ့ခေါင်းဆောင် ဦးတာက ပြောပြပါတယ်။

နေ့လည်ပိုင်း ၁၀ နာရီဆိုရင်တော့ အလှူရှင်တွေကို မေတ္တာပို့ပြီး နေ့လည်စာ စားရတဲ့ အချိန်လေးပါဘဲ။ အလှူရှင်တွေ လာပြီး တစ်နပ်ကို ငါးသောင်းဖိုးလောက် ကျွေးတဲ့အခါမှာတော့ အသားဟင်း စားကြရပြီး အလှူရှင်မလာတဲ့ ရက်တွေမှာတော့ သူတို့တွေဟာ ပြုတ်မနူးပဲ၊ ပြုတ်နူးပဲ တွေကို အရည်ကျဲချက်လိုက်၊ ကုလားဟင်းချက်လိုက် မျိုးစုံချက်ကျွေးတာနဲ့ စားကြရပါတယ်။ ပြီးရင် နားကြတယ်ပေါ့။

ညပိုင်း၅ နာရီလောက်ဆိုရင် ညစာကို ခုနအတိုင်း စားပြီး မြေစိုက်တဲ ဓမ္မာရုံကို သွားကြပါတယ်။ အဲ့ဒီမှာ အလှူရှင်တွေ လှူထားတဲ့ တီဗွီသေးသေးလေးနဲ့ တရားနာပါတယ်။ မနာချင်တဲ့သူလဲ အတင်းမနာခိုင်းပါဘူး။ ဘာဖြစ်လို့လဲ မေးကြည့်တော့ ဝေဒနာသည်လည်းဖြစ် အဖွဲ့ခေါင်းဆောင်လဲ ဖြစ်တဲ့ ဦးတာက အကျဉ်းထောင်နဲ့ မတူစေ့ချင်လို့ပါလို့ ဖြေပါတယ်။ ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ။.....
 

 ဒါက အမျိုးသား ဝေဒနာသည်တွေ နေရတဲ့ အဆောင်လေးပါ။
ဒီအဆောင်လေးထဲမှာ အမျိုးသားလူနာ လေးဆယ်ကျော် နေပါတယ်။ လက်ရှိ စီမံပေးနေသူများရဲ့ ကျေးဇူး၊ လှူဒါန်းပေးနေသူများရဲ့ ကျေးဇူးကြောင့် ဝေဒနာသည် အားလုံးရဲ့ စိတ်ဓါတ်တွေ အကောင်းဆုံး အခြေအနေမှာ ရှိနေပါသေးတယ်။

အနာကြီး ရောဂါ ဝေဒနာသည်တွေကို ကိုယ်ချင်းစာကြည့်ကြပါစို့  
Powered by WorkGroup IT Solution!