|
 |
ကျွန်တော်တို့ ဘာ့ကြောင့် သူတို့ကို
ကူညီသင့်သလဲ!
အနာကြီးရောဂါ
ဝေဒနာသည်တွေရဲ့ ခြေလက်တွေဟာ ခံစားမှု
မရှိတော့ပါဘူး။ အနာကြီးရောဂါ ပိုးသတ်ဆေး
သောက်လိုက်လို့ အနာကြီးရောဂါပိုး သေသွားပေမယ့်
နောက်ဆက်တွဲ ဝေဒနာတွေကြောင့် သူတို့တွေဟာ
လက်တွေ ခြေထောက်တွေတိုပြီး
ဘာမှမလုပ်နိုင်ကြတော့ပါဘူး။ အလုပ်လုပ်ဖို့
ဝေးစွ ခြေထောက်ထဲ သံစူးရင်တောင် သံစူးမှန်းမသိ
ပေါင်က အကျိတ်ခိုလာမှ ခြေထောက်မှာ
အနာရှိလောက်တယ် ထင်ပြီး ဖြဲရှာရတဲ့ဘ၀ပါ။ ဒါထက်
အများကြီးပို ဆိုးပါတယ်။...
|
|
|
 |
|
 |
|
| |
အလှူရှိတဲ့နေ့ဆို
ဒီလိုကောင်းကောင်းလေး
စားကြရပါတယ်။
ကျန်တဲ့နေ့တွေမှာတော့..ပဲရည်ကျဲပေါ့ |
|
| |
စေတနာရှင်များခင်ဗျား
!
ဟောဒီကမ္ဘာပေါ်
အသက်ရှင်ရပ်တည်နိုင်ရေး
အတွက်
စေတနာရှင်တို့ရဲ့
အကူအညီကို
မျှော်လင့်ရင်း
ဘ၀ကို
ကြိုးစားရှင်သန်နေကြတဲ့
လူသားအချို့
ရှိနေပါသေးတယ်ဆိုတာ
သတိရပေးလိုက်ရင်ဘဲ
စေတနာရှင်များကို
ရန်ကုန်တိုင်း၊
ဖေါင်ကြီးအလွန်၊
မရမ်းချောင်းကျေးရွာမှာ
ရှိနေတဲ့
မြန်မာလူမျိုး
အနာကြီးရောဂါ
ဝေဒနာသည်တွေက
ကျေးဇူးတင်နေကြရင်း
သူတို့အသက်ရှင်ရပ်တည်မှုအတွက်
အင်အားတွေ
တိုးပွါးလာကြမှာပါ။.....
|
|
 |
|
|
 |
|
|
ကျွန်တော်တို့ သိတဲ့
သူတို့အကြောင်း |
| |
မေး
-
အနာကြီးရောဂါသည်တွေကို
ကူညီဖို့လို့
ဆိုထားတဲ့
ဒီဝက်ဘ်ဆိုက်လေးလုပ်ဖြစ်တဲ့
ရည်ရွယ်ချက်နဲ့
မျှော်လင့်ထားပုံလေးကို
သိပါရစေ
...
ဖြေ -
မရမ်းချောင်းကျေးရွာမှာရှိတဲ့
ဂေဟာမှာ
စုပေါင်းနေထိုင်တဲ့
အနာကြီးရောဂါဝေဒနာသည်တွေကို
ဝမ်းရေးဖူလုံမှုရစေဖို့၊
ရောဂါဝေဒနာတွေကို
ကုသဖို့
ဆေးဝါးလုံလောက်စေဖို့၊
လိုအပ်လာလို့
ဆေးရုံတက်ရတာမျိုးတွေ
ဖြစ်လာတဲ့အခါမှာ
အသုံးစရိတ်ဖူလုံစေဖို့
စတဲ့
အချက်တွေကို
အဓိက
ဖြည့်ဆည်း
ကူညီပေးနိုင်ဖို့က
အရေးအကြီးဆုံးပါ။
ဒါမှ
သူတို့တွေဟာ
လူတမ်းစေ့နေနိုင်မှာဖြစ်ပြီး
ကျန်းမာရေးပြုစု
စောင့်ရှောက်မှုတွေကိုလည်း
သာမန်လူတွေလို
ခံစားခွင့်
ရရှိနိုင်မှာ
ဖြစ်ပါတယ်။
သူတို့အတွက်
ဘာတွေ
အဓိကလိုအပ်တယ်ဆိုတာ
ဝက်ဘ်ဆိုက်က
စာမျက်နှာတွေမှာ
ဖော်ပြပေးထားပြီးဖြစ်လို့
အသေးစိတ်
ထပ်မပြောတော့ပါဘူး။
အဲဒါတွေပြည့်စုံအောင်
ကူညီနိုင်ဖို့ဆို
အများရဲ့
စုပေါင်းလှူဒါန်းမှုတွေ၊
ဝိုင်းဝန်းကူညီစောင့်ရှောက်မှုတွေ
လိုအပ်ပါတယ်။
ကျွန်တော်တို့ချည်းနဲ့
မပြည့်စုံနိုင်တဲ့
လိုအပ်နေတဲ့
ကူညီမှုတွေကို
အများက
သိရှိပြီး
ပါဝင်ကူညီလာနိုင်အောင်လို့
သူတို့ကိုယ်စား
ကျွန်တော်တို့က
အသိပေးဖိတ်ခေါ်လိုက်တဲ့
ရည်ရွယ်ချက်ပါပဲ။
ဒီဝက်ဘ်ဆိုက်ကနေတစ်ဆင့်
အများကသိပြီး
အားလုံးပါဝင်
ကူညီလာကြလိမ့်မယ်လို့
မျှော်လင့်ထားတာပါ။
မေး - ဒီအနာကြီးရောဂါသည်တွေက ဘာကြောင့် ပြုစုစောင့်ရှောက်ရေးဂေဟာမှာ စုပေါင်းနေထိုင်နေကြတာပါလဲ။
သူတို့ကို
ပြုစုကူညီပေးမယ့်
မိသားစုတွေ
မရှိကြတော့ဘူးလား။
ဖြေ -
ဒီအနာကြီးရောဂါသည်တွေဟာ
အနာကြီးရောဂါကို
ပြင်းပြင်းထန်ထန်
ခံစားထားရတဲ့
လူတွေပါ။
သူတို့ပါ
ရုပ်ပိုင်းဆိုင်ရာကလည်း
တစ်မျိုးမဟုတ်
တစ်မျိုးတော့
ရောဂါကြောင့်
ချွတ်ယွင်းအားနည်းနေပါတယ်။
တစ်ချို့ဆို
ခြေထောက်တွေ၊
လက်တွေဖြတ်တောက်ထားရတဲ့
အခြေအနေမျိုးပါ။
ဆိုလိုချင်တာက
သူတို့တွေကိုယ်တိုင်က
အလုပ်လုပ်ဖို့
မလွယ်ကူလှပါဘူး။
တစ်ချို့တွေမှာက
မိသားစုဝင်တွေ
ရှိကြပါသေးတယ်။
ဒါပေမယ့်
မိသားစုတွေကလည်း
စီးပွားရေး
တောင်တင်းတဲ့
မိသားစုမျိုးတွေ
မဟုတ်ကြတော့
ရေရှည်ပြုစုစောင့်ရှောက်ဖို့
မတတ်နိုင်ကြပါဘူး။
ဝမ်းရေးကို
ထောက်ပံ့နိုင်တဲ့
မိသားစုဝင်တွေရှိရင်တောင်
ကျန်းမာရေးအတွက်
ဆေးဖိုးဝါးခနဲ့
သူတို့တွေရပ်တည်နိုင်အောင်
ကူညီပေးမယ့်
ပစ္စည်း၊
ပစ္စတွေရဲ့
စရိတ်စကတွေ
ရှိနေပါသေးတယ်။
ဒါကြောင့်
ရောဂါဝေဒနာသည်တွေဟာ
ဒီဂေဟာမှာပဲ
စုရုံးရောက်ရှိနေကြပြီး
အသက်ရှင်ရပ်တည်နိုင်ဖို့
စုပေါင်းကြိုးစားနေကြတာပါ။
အဆိုးဆုံးကတော့
သူတို့ကို
အနူသည်လို့
အများက
မြင်ကြတော့
မြို့မှာ
အသက်ရှင်ရပ်တည်ဖို့
အင်မတန်ခက်ပါတယ်။
မေး - သူတို့တွေ အခုရော ဘယ်လိုရပ်တည်နေကြပါသလဲ
ဖြေ - လက်ရှိ လူမှုဝန်ထမ်းဌါနက ထောက်ပံ့ကူညီမှု၊ အလှူရှင်တွေရဲ့
လှူဒါန်းမှု
စတာတွေနဲ့
ဂေဟာကို
ရပ်တည်နေပါတယ်။
ဒါပေမယ့်
အခုထိတော့
လိုအပ်ချက်တွေ
အများကြီးရှိနေပါသေးတယ်။
အလှူရှင်တွေရဲ့
အလှူတွေ
မေတ္တာစေတနာတွေ
ပေးအပ်ဖို့
လိုအပ်နေဆဲ
ဖြစ်တယ်ဆိုတာ
အခုဝဘ်ဆိုဒ်က
အချက်အလက်
အချို့အရ
ထင်သာမြင်သာ
ရှိစေမယ်
ထင်ပါတယ်။
မေး - သူတို့ကို ဘယ်လိုနည်းလမ်းတွေနဲ့ ကူညီသွားမှာပါလဲ။ အလှူရှင်တွေက
လှူဒါန်းလို့
ရလာမယ့်
အလှူငွေတွေကို
ဘယ်လိုပုံစံမျိုးနဲ့
ဘယ်သူတွေက
လက်ခံသွားမှာပါလဲ။
ဖြေ -
ကျွန်တော်တို့အနေနဲ့
အနာကြီးရောဂါသည်တွေကို
ခနတာ
ကူညီနိုင်တာမျိုးမဟုတ်ဘဲ
အလှူငွေတွေကို
စနစ်တကျ
ထိန်းသိမ်းပြီး
သူတို့တွေရဲ့
ဘ၀တစ်သက်တာ
ရေရှည်ကူညီသွားနိုင်ဖို့အထိပါ
ထည့်တွက်
စီစဉ်ထားပါတယ်။
ဒီလို
ရည်ရွယ်ချက်ထားရှိလို့
ရလာမယ့်
အလှူငွေတွေကို
စုစည်းပြီး
အဓိက
အလုပ်အမှုဆောင်လို့ဆိုရမယ့်
လူတွေက
ငွေပဒေသာပင်မျိုး
လုပ်ထားပြီး
လစဉ်အမြဲထောက်ပံ့နိုင်အောင်
လုပ်ဆောင်သွားမှာပါ။
အလုပ်အမှုဆောင်ထဲမှာ
ဂေဟာက
ဝေဒနာသည်များ ပြုစုစောင့်ရှောက်ရေး
အဖွဲ့ရဲ့
ဥက္ကဌ
ကိုယ်တိုင်
ပါနေတော့
လုပ်ငန်းလိုအပ်ချက်ကို
ချက်ခြင်း
သိနိုင်တာပေါ့။
အလှူငွေတွေကို
မပျောက်ပျက်အောင်၊
တိုးပွားအောင်လုပ်မယ့်
အလုပ်အမှုဆောင်အဖွဲ့ဆိုတာကလည်း
ကူညီမယ့်
စေတနာ့ဝန်ထမ်းတွေသာမက
ဆရာတော်တွေပါ
ပါမယ်။
ပြီးတော့
လက်ရှိဂေဟာမှာ
ကြီးကြပ်ပေးနေတဲ့
ဂေဟာဥက္ကဋ္ဌနဲ့
အထွေထွေအကျိုးဆောင်ပါ
ပါပါ့မယ်။
ဒီအလှူငွေတွေနဲ့
ပတ်သက်ပြီး
အလှူရှင်တွဘက်က
ယုံကြည်မှုမပျက်စေရဖို့နဲ့
အလုပ်အမှုဆောင်အဖွဲ့အပေါ်
သံသယကင်းရှင်းစေဖို့
စာရင်းရှင်းတမ်းတွေနဲ့အတူ ဘယ်သူတွေ
ပါဝင်လုပ်ဆောင်ကြမယ်ဆိုတာ
အားလုံးကို
အသိပေးတင်ပြသွားမှာပါ။
ပြီးတော့
အလှူငွေတွေကိုလည်း
အလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံးရဲ့
သဘောတူညီချက်နဲ့ပဲ
အကျိုးရှိရှိ
အသုံးချသွားဖို့
သတ်မှတ်ထားသလို
ဘဏ်မှာ
Group
Account
နဲ့ထားမှာပါ။
မေး -
ဒီလိုမလှူဘဲနဲ့
ဂေဟာကို
တိုက်ရိုက်သွားလှူမယ်ဆိုရင်ရော
အဆင်ပြေနိုင်ပါ့မလား။
ဖြေ -
ဝေဒနာသည်တွေရှိရာ
ဂေဟာကို
ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး
ဝေဒနာသည်တွေကို
လှူဒါန်းတာမျိုးလဲ
လုပ်ဆောင်လို့ရပါတယ်။
ဒါတွေက
အလှူရှင်တွေအပေါ်
မူတည်နေပြီး
ကျွန်တော်တို့ဘက်ကတော့
အဲလို
အလှူရှင်မျိုးတွေကိုလည်း
တတ်နိုင်သမျှ
အကူအညီပေးသွားမှာပါ။
လိုအပ်လို့
အလှူရှင်တွေက
ဂေဟာအထိ
လိုက်ပါပို့ဆောင်ပေးဖို့
တောင်းဆိုလာရင်တောင်
ကူညီပေးသွားဖို့
ကြိုးစားပေးသွားမှာပါ။
မေး -
ကျွန်တော်
ဆန်လစဉ်
တစ်အိပ်လောက်
လှူချင်တယ်
သွားမပို့နိုင်ဘူးဗျာ
ဘယ်လိုကူညီပေးနိုင်မလဲ၊
ဖြေ - မကြာခင်မှာ နယ်မြို့တွေမှာပါ ရုံးခွဲတွေဖွင့်လှစ်နိုင်ရင်တော့
နယ်တွေမှာပါ
လိုက်ကူညီနိုင်မှာပါ။
အခုလောလောဆယ်တော့
ရန်ကုန်မြို့တွင်းမှာ
ဝေဒနာရှင်တွေအတွက်
လှူချင်တဲ့
ဆန်အပြင်
အခြားလှူဒါန်းမှုအားလုံးအတွက်
လိုအပ်ရင်
အိမ်အရောက်
လိုက်ယူပြီး
ပြန်လည်
လှူပေးပါ့မယ်။
နည်းနည်းစုပြီး
နည်းနည်းလေးများလာတာနဲ့
ဝေဒနာသည်တွေဆီကို အဖွဲ့က
သွားပြီး
လှူပေးပါ့မယ်။
ငွေသားအလှူကိုတော့
ငွေပဒေသာပင်ထဲကို
ထည့်ပြီး
အမြဲတမ်းအလှူဖြစ်ဖို့
စီစဉ်ပေးသွားမှာပါ။
ငွေသားကတော့
ဘယ်မြို့ကနေမဆို
လျူလို့ရနေပါပြီ။
အဖွဲ့ရဲ့
Group
ဘဏ်အကောင့်ထဲ
ထည့်လိုက်ရုံပါဘဲ။
မေး - အလှူရှင်တွေရဲ့ လှူဒါန်းမှု စာရင်းကို ဘယ်လိုပြန်သိရမလဲ၊
ဖြေ- အလှူရှင်တွေက လှူဒါန်းပြီးသွားပြီ ဆိုတာနဲ့ ကျွန်တော်တို့က
အလှူလက်ခံရရှိကြောင်း
ဝဘ်ဆိုဒ်ပေါ်မှာ
သူ့အလှူစာရင်းကို
အမည် -
လှူဒါန်းတဲ့
တန်ဖိုး
အမျိုးအမည်
ရက်စွဲ စသည်ဖြင့်
လစဉ်ဖေါ်ပြပေးသွားမှာ
ဖြစ်ပါတယ်။
မေး -
ဝေဒနာသည်တွေအတွက်
အဓိက
လိုအပ်ချက်တွေက
ဘာတွေဖြစ်မလဲ။
ဖြေ -
ပထမဦးဆုံး
လိုအပ်ချက်ကတော့
ဆန်နဲ့
ဟင်းလျာအတွက်ဖြစ်ပါတယ်။
ဒုတိယတော့
ဆေးဝါး
နဲ့
ဆေးကုသဖို့
ကုန်ကျစရိတ်ပါ။
နေ့စဉ်
ရေအတွက်
မီးစက်နိုးရလို့
မီးစက်အတွက်
တစ်နေ့
ဒီဇယ်ဆီတစ်ဂါလံလောက်လဲ
လိုအပ်ပါတယ်။
ထူးခြားတာက
ဘိနပ်ပါ
ဝေဒနာသည်တွေရဲ့
ခြေထောက်တွေမှာအနာတွေ
ဖြစ်နေတတ်တော့
အဲ့ဒီအနာကို
မထိခိုက်ရစေဘဲ
အနာနေရာကို
ကွက်ပြီး
ဖေါက်ထား
ခွက်ပေးထားရတဲ့
ကိုယ်တိုင်ချူပ်
ဘိနပ်လေးတွေ
လိုအပ်တာပါ။
ခြေထောက်တွေကလည်း
ပုံမှန်မဟုတ်တော့ပါဘူး။
ဘိနပ်ချူပ်သမား
ရှိနေပြီးသားမို့
တစ်ရံကို
၂၀၀ ကျပ်
၅၀၀
ကျပ်တို့နဲ့
ချူပ်ပေးမှာ
ဖြစ်ပြီး
ကုန်ကြမ်းပေးရမှာပါ။
သူတို့
ခြေထောက်လေးတွေက
ဘိနပ်ကို
ကုတ်မထားနိုင်တော့တာမို့
ဘိနပ်တွေဟာ
ကပ်ခွါတွေနဲ့
ဖြစ်နေမှ
အဆင်ပြေပါတယ်
အခုလောလောဆယ်တော့
ခြေထောက်ကို
ဘိနပ်မြဲအောင်
ပလပ်စတစ်ကြိုးတွေနဲ့
ချည်ထားတာ
တွေ့ရပါတယ်။ |
|
|
|
|
|
|
|