အွန်လိုင်းမှ လှူဒါန်းလိုသူများအတွက်

ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန်
အလှူရှင်များစာရင်း
အလှူငွေသုံးစာရင်း
    သိလိုသည့် အမေးအဖြေများ
    ဆောင်းပါးများ
ဂေဟာလိပ်စာ

မရမ်းချောင်း
ပရဟိတ ကျွေးမွေးစောင့်ရှောက်ရေးဂေဟာ
ဖေါင်ကြီးအလွန်၊ လှည်းကူးမြို့နယ်၊
ရန်ကုန်တိုင်း။

ကူညီသူများနှင့်ဆက်သွယ်ရန်

ဦးဇော်လွင်ဝင်း၊
အယ်ဒီတာချူပ် (Mutdfan.com)
Rm- 403, Excel Tower,
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း -559377 Ext: 6413

သီးခြား ကူညီသူများ၏
ပြည်ပ လိပ်စာများ
(Click Here)
 



ဝေဒနာသည်တွေရဲ့ သားသမီးလေးတွေပါ
သူတို့လဲ အလှူရှင် ရှိတဲ့နေ့မို့ ပျော်နေကြသူတွေပေါ့




အနာကြီးရောဂါသည် ဝေဒနာရှင်တို့ရဲ့ ဓမ္မာရုံလေးဖြစ်ပါတယ်။

ဝေဒနာသည်တွေအတွက် အစားအသောက် လာလှူရင်း တရားနာဖို့ တီဗွီလေး လှူချင်စိတ်ပေါက်လာလို့ အိမ်ကိုအမြန်ပြန်
ဆွဲကြိုးလေးချွတ်ရောင်းပြီး တီဗွီလေးတစ်လုံး
ဝယ်လာပြီး ထပ်လာလှူထားတဲ့ အလှူရှင် အမျိုးသမီးတစ်ဦး
ရဲ့ကျေးဇူးကြောင့် ဝေဒနာသည်တွေဟာ အခုဆိုညနေတိုင်း တရားနာနိုင်ပါပြီ။
(ကြည်နူးမှုအပြည့်နဲ့ အဖွဲ့ခေါင်းဆောင်က ပြောပြတာပါ။)

ကျွန်တော်တို့ ဘာ့ကြောင့် သူတို့ကို ကူညီသင့်သလဲ!

အနာကြီးရောဂါ ဝေဒနာသည်တွေရဲ့ ခြေလက်တွေဟာ ခံစားမှု မရှိတော့ပါဘူး။ အနာကြီးရောဂါ ပိုးသတ်ဆေး သောက်လိုက်လို့ အနာကြီးရောဂါပိုး သေသွားပေမယ့် နောက်ဆက်တွဲ ဝေဒနာတွေကြောင့် သူတို့တွေဟာ လက်တွေ ခြေထောက်တွေတိုပြီး ဘာမှမလုပ်နိုင်ကြတော့ပါဘူး။ အလုပ်လုပ်ဖို့ ဝေးစွ ခြေထောက်ထဲ သံစူးရင်တောင် သံစူးမှန်းမသိ ပေါင်က အကျိတ်ခိုလာမှ ခြေထောက်မှာ အနာရှိလောက်တယ် ထင်ပြီး ဖြဲရှာရတဲ့ဘ၀ပါ။ ဒါထက် အများကြီးပို ဆိုးပါတယ်။...
HOME DAILY LIFE MEDICAL OUR TEAM DONATION
>  Home  /  Subpage Here
   အလှူရှိတဲ့နေ့ဆို ဒီလိုကောင်းကောင်းလေး စားကြရပါတယ်။ ကျန်တဲ့နေ့တွေမှာတော့..ပဲရည်ကျဲပေါ့
 

အဖြစ်လေးတစ်ခု ပြောချင်ပါတယ်။ စာရေးသူ ဆေးခန်းထဲဝင်လိုက်ပြီး ဆရာဝန်ဗိုလ်ကြီး အောင်ရဲကျော်နဲ့ စကားပြောနေတုန်း လူနာတစ်ယောက် ရောက်လာပါတယ်။
သူ့နာမည်က ဦးကြည်ဝင်းပါတဲ့ သူ့သမီးလေးနာမည်က ဘေဘီလင်းတဲ့ သမီးလေးက ဝေဒနာမရှိတဲ့ အသက် ၁၂ နှစ်အရွယ် သမီးချောလေးပေါ့။
ဦးကြည်ဝင်းက မိသားစု ရှိလို့ ရွာထဲမှာ တဲထိုးနေတဲ့ အနာကြီးရောဂါ ဝေဒနာသည်ပါ။ သူ့အိမ်မှာ မီးကြွင်းမီးကျန်ကနေ မီးထလောင်တော့ သူ့သမီးလေးကို မီးကူးမှာစိုးလို့ မီးပုံကြီးကို  ရင်ဘတ်နဲ့ဖိပြီး မီးသတ်ခဲ့တဲ့ မီးသတ်သမား မေတ္တာရှင်ကြီးပေါ့။
 မိဘမေတ္တာဆိုတာ...... 


မေတ္တာရှင် ဝေဒနာသည်ကြီး ဦးကြည်ဝင်း
 
 

 ဆရာဝန် ဒေါက်တာ အောင်ရဲကျော်ရဲ့ ဝေဒနာသည်တွေကို ဆေးကုတဲ့ ဆေးခန်းလေး ဖြစ်ပါတယ်။ လှူဒါန်းထားချိန်တော့ ဆေးတွေက အပြည့်ပေါ့၊ မလှူခင်က ပတ်တီးလိတ် ၂ လိတ်ဘဲ လက်ကျန်ရှိတော့တယ်လို့ ပြောခဲ့တာရင်နင့်စရာပါ။ အမြဲအနာဖြစ်နေသူ ဝေဒနာရှင်တွေအတွက် ပတ်တီး၊ ပိုးသတ်ထားတဲ့ ဂွမ်းစတာတွေက အမြဲလိုအပ်နေတာပါ။


 

အခု ဘောင်ချာထဲက ဆေးစာရင်းတွေက လူနာတွေအတွက် အများဆုံးလိုအပ်မယ့်ဆေး နဲ့ လက်ရှိ ပေါက်ဈေးနှုန်း စာရင်းလေးပေါ့။
စာရေးသူနဲ့ ၀ါသနာတူ စေတနာရှင် မေတ္တာသန့်အဖွဲ့က စုပေါင်းလှူဒါန်းခဲ့တုန်းက စာရင်းလေးပါ။ သူတို့အတွက် ဒီဆေးတွေဟာ တစ်ရက်နှစ်ရက် ဒါမှမဟုတ် တစ်ပတ်လောက်တော့ အဆင်ပြေပါလိမ့်မယ်။ သံစူးရင်တောင် မသိတော့တဲ့ သူတို့တတွေရဲ့ ခြေထောက်နဲ့ လက်တွေမှာ အနာတွေ ဖြစ်လာတဲ့အခါ ပျောက်ဖို့ခဲရင်းပါတယ်။ ကံမကောင်းလို့ အရိုးအထိ ပြည်တည်တဲ့အခါ ခြေထောက်တွေဖြတ်၊ ခြေထောက်တုတွေ ၀တ်ပြီး ကြိုးစား အသက်ရှင်သန်ကြပါတယ်။ ဖြတ်ဖို့ တောက်ဖို့ လိုလာပြီဆိုရင်တော့ မော်လမြိုင်က ခရစ်ယာန် သာသနာပြု ဆေးရုံအထိ ပို့ရပါတယ်။ သူတို့မှာ ဂါလီလို့ ခေါ်တဲ့ ကုန်တင် ဆိုက္ကားလေး ရှိပါတယ်။ ဒါလေးနဲ့ တင်ပြီး ကားဂိတ်ကို ခေါ်သွားကြတာပေါ့။
ဂါလီလေးနင်းပြီး ခေါ်သွားတဲ့ သူတွေကလည်း ဝေဒနာရှင်တွေ ထဲက သန်မာတုန်း သူတွေပါဘဲ။
လမ်းစရိတ်အတွက်ကတော့ သူတို့တွေ အလှူရှင်တွေ ရှာကြရတာပေါ့။ လှူမယ့်သူ မရှိရင် သူတို့ကို ဟိုးအရင်ကတည်းက ထောက်ပံ့ပေးနေတဲ့ စာရေးဆရာ ချစ်စံဝင်းဆီ အကူအညီတောင်းကြတယ် ပြောပါတယ်။ ဒီဝေဒနာသည်တွေကို ဆရာကူညီခဲ့တာ ဆယ်စုနှစ်တစ်ခု နီးပါး ကြာမြင့်ခဲ့ပြီလို့ သိရပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာ...... ဆရာ့ရဲ့ မေတ္တာ စေတနာတွေကို အရမ်း လေးစား အားကျ မိပါတယ်။


 
အနာကြီး ရောဂါ ဝေဒနာသည်တွေကို ကိုယ်ချင်းစာကြည့်ကြပါစို့  
leprosyhelp.org © 2010 | Privacy Policy | Terms of Use
Powered by WorkGroup IT Solution!