|

ဝေဒနာသည်တွေရဲ့ လက်ထဲကို ငွေတိုက်ရိုက်
ထည့်ပေးဖို့ စီစဉ်နေကြစဉ်ကပေါ့။ တစ်ဦးကို
ငါးထောင်လောက် လှူဒါန်းနိုင်ခဲ့ကြပါတယ်။
ဝေဒနာသည်တွေဟာ သက်ကြီးရွယ်အိုတွေဖြစ်လို့
မနက်စောစော
ကော်ဖီသောက်ချင်သူ ရှိသလို၊ ကွေကာအုပ်လေး
သောက်ချင်သူလည်း ရှိပါတယ်။
သမုဒ္ဒရာ ၀မ်းတစ်ထွာဆိုတာ တယ်မှန်ပါလား.. |
ကျွန်တော်တို့ ဘာ့ကြောင့် သူတို့ကို
ကူညီသင့်သလဲ!
အနာကြီးရောဂါ
ဝေဒနာသည်တွေရဲ့ ခြေလက်တွေဟာ ခံစားမှု
မရှိတော့ပါဘူး။ အနာကြီးရောဂါ ပိုးသတ်ဆေး
သောက်လိုက်လို့ အနာကြီးရောဂါပိုး သေသွားပေမယ့်
နောက်ဆက်တွဲ ဝေဒနာတွေကြောင့် သူတို့တွေဟာ
လက်တွေ ခြေထောက်တွေတိုပြီး
ဘာမှမလုပ်နိုင်ကြတော့ပါဘူး။ အလုပ်လုပ်ဖို့
ဝေးစွ ခြေထောက်ထဲ သံစူးရင်တောင် သံစူးမှန်းမသိ
ပေါင်က အကျိတ်ခိုလာမှ ခြေထောက်မှာ
အနာရှိလောက်တယ် ထင်ပြီး ဖြဲရှာရတဲ့ဘ၀ပါ။ ဒါထက်
အများကြီးပို ဆိုးပါတယ်။...
|
|
|
 |
|
 |
|
| |
အလှူရှိတဲ့နေ့ဆို
ဒီလိုကောင်းကောင်းလေး
စားကြရပါတယ်။
ကျန်တဲ့နေ့တွေမှာတော့..ပဲရည်ကျဲပေါ့ |
|
| |
စာရေးသူ
သွားတဲ့နေ့ကတော့
မေတ္တာသန့်
အဖွဲ့က
ဆန်၊ ဆီ၊
ပဲ ၊
အ၀တ်အထည်
တွေအတွက်
တန်ဖိုး
ကျပ် ၁၃
သိန်းဖိုးလောက်
လှူခဲ့ပါတယ်။
ဒီဂုဏ်ပြုမှတ်တမ်းလေးဟာ
အဝေးက
အလှူရှင်
မေတ္တာသန့်
အဖွဲ့ဝင်
နိုင်ငံခြားရောက်
ကျောင်းသားလေးတွေ
ပိုမို
သဒ္ဒါပွါးစေဖို့အတွက်
နိုင်ငံခြားကို
ပြန်ပို့ပေးဖို့
ယူလာခဲ့တဲ့
ဂုဏ်ပြုမှတ်တမ်းလေးပါ။
သူတို့ကို
လာလှူတိုင်း
သူတို့က
ဘောင်ချာလေးနဲ့
ဂုဏ်ပြုလွှာလေး
ပေးလေ့ရှိပါတယ်။
တကယ့်တန်ဖိုးအရှိဆုံးက သူတို့မျက်နှာက ကြည်နူးရိပ်အပြည့်ပါတဲ့ အပြုံးလေးတွေပါဘဲဗျာ........
|
|
 |
|
|
 |
|
|
မေတ္တာသန့်အဖွဲ့ရဲ့လှူစဉ်က.... |
|

ဓါတ်ပုံလေးကို
အမှတ်တမဲ့ကြည့်လိုက်ရင်
ကလေးမြို့ကျောင်း ဆရာတော်ကို
အလှူရှင်တွေကဘဲ လှူနေသလိုပါဘဲ။
တကယ်တော့ မေတ္တာသန့်အဖွဲ့နဲ့
စာရေးသူတို့ ပူးပေါင်းပြီး
လျူခဲ့စဉ်တုန်းက
မေတ္တာသန့်အဖွဲ့ကို
ဦးဆောင်လာတဲ့
ကလေးမြို့ကျောင်း ဆရာတော်ဆီမှာ
ဝေဒနာသည်တို့က
တရားလေးချီးမြှင့်ပေးပါဘုရား
ဆိုလို့ လိုချင်ရင်
ပေးမှာပေါ့ဆိုပြီး ဆရာတော်က
ဝေဒနာသည်တို့အတွက်
တရားချီးမြှင့်ပေးနေပုံလေးပါ။
တနေ့ကို ဆန်တစ်အိတ်လောက်
ကုန်တဲ့ သူတို့အတွက်
စာရေးသူတို့ရဲ့
အလှူလေးဟာ.....
|
|
|
 |
|
|
ဝေဒနာသည်တွေ အဓိက လိုအပ်တာက ဆန်၊
ပဲ၊ ရေတင်ဖို့ မီးစက်အတွက်
ဒီဇယ်ဆီ နဲ့ ဆေးဝါးပါဘဲ
ဆေးကုသ စရိတ်လည်း လိုတာပေါ့လေ...
ခြေတုလေးတွေနဲ့
ဘီးတပ်ကုလားထိုင်တွေကလည်း
ဈေးတွေကကြီးပါ့....
ဆရာချစ်စံဝင်းရဲ့ ခြေထောက်လေးများ
လှူကြပါဆိုတဲ့
ဆောင်းပါးလေးကြောင့် သူတို့တွေ
အသုံးမလိုတော့တဲ့ အိမ်တွေက
ဘီးတပ်ကုလားထိုင် အဟောင်းလေးတွေ
ရခဲ့ပါသေးတယ်။
နောက်ထပ် ခြေထောက် ဖြတ်ရမယ့်
လူနာတွေ ရှိနေသေးပါတယ်။
သူတို့အတွက်လည်း လိုအပ်တာပေါ့။
အခုလည်း အဆင်တော့ပြေပါတယ်။
တစ်ယောက်က ကုတင်ပေါ်မှာ
ထိုင်နေတုန်း နောက်တစ်ယောက်က
ဘီးတပ်ကုလားထိုင်လေး
သုံးတာပေါ့....

|
|
|
|
|